Working Groups

"မြန်မာနိုင်ငံအသေးစားငွေရေးကြေးရေးလုပ်ငန်းများအသင်း၏ မူဝါဒရေးရာလုပ်ငန်းအဖွဲ့သည် အသေးစားငွေရေးကြေးရေးကဏ္ဍအတွင်း မူဝါဒဆိုင်ရာကိစ္စရပ်များကို အာရုံစိုက်လုပ်ဆောင်သည့် ပူးပေါင်းလုပ်ဆောင်သည့်အဖွဲ့ဖြစ်သည်။ ၎င်း၏သဘာဝတွင် အဓိကကျသော ရှုထောင့်များစွာ ပါဝင်သည်-
အကြံပြုချက်များ- လုပ်ငန်းအဖွဲ့အနေဖြင့် အဖွဲ့ဝင်များ၊ ကျွမ်းကျင်သူများနှင့် ပြင်ပလုပ်ဖော်ကိုင်ဖက်များအပါအဝင် သက်ဆိုင်သူအသီးသီးထံမှ အကြံပြုချက်များကို စုဆောင်းပြီး ခွဲခြမ်းစိတ်ဖြာကာ လက်ရှိမူဝါဒများကို ထိုးထွင်းသိမြင်နားလည်နိုင်စေရန်နှင့် တိုးတက်ရန်လိုအပ်သည့် နယ်ပယ်များ သတ်မှတ်ထုတ်ဖော်ပေးခြင်းများကို လုပ်ဆောင်ပေးလျှက်ရှိပါသည်။
စိန်ခေါ်မှုများ- လုပ်ငန်းအဖွဲ့သည် မူဝါဒ အကောင်အထည်ဖော်မှု၊ စောင့်ကြည့်မှုနှင့် ထိရောက်မှုတို့နှင့်ဆိုင်သော စိန်ခေါ်မှုများကို ဖော်ထုတ်ဖြေရှင်းပေးခြင်းများ လုပ်ဆောင်လျှက်ရှိပါသည်။ ၎င်းသည် မူဝါဒများကို အောင်မြင်စွာ အကောင်အထည်ဖော်ရာတွင် အဟန့်အတားဖြစ်စေမည့် အတားအဆီးများကို အဖြေရှာရန် ရည်ရွယ်သည်။
ညှိနှိုင်းဆွေးနွေးမှုများ - လုပ်ငန်းအဖွဲ့သည် တည်ဆဲမူဝါဒများကို အချိန်နှင့်တပြေးညီ အကဲဖြတ်သုံးသပ်ရန်နှင့် လိုအပ်သည့်အခါတွင် မူဝါဒအသစ်များကို အဆိုပြုရန် တာဝန်ယူဆောင်ရွက်လျှက်ရှိပါသည်။ ၎င်းသည် အဖွဲ့ဝင်များအကြား အပြုသဘောဆောင်သော ဆွေးနွေးမှုများအတွက် ပွင့်လင်းမြင်သာသော ပတ်ဝန်းကျင်ကို ဖန်တီးပေးနိုင်ရန် ရည်ရွယ်ပါသည်။
စည်းရုံးထောက်ခံအားပေးမှုများ - လုပ်ငန်းအဖွဲ့သည် မူဝါဒအပြောင်းအလဲများ သို့မဟုတ် ပြုပြင်ပြောင်းလဲမှုများကို စည်းရုံးထောက်ခံအားပေးရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ပါသည်။ အသင်းဝင်များ နှင့် ၎င်းတို့၏ သဘောဆန္ဒများကို ကိုယ်စားပြု၍ ဥပဒေပြုအဖွဲ့အစည်းများ၊ အာဏာပိုင်များနှင့် အခြားသော သြဇာရှိအဖွဲ့အစည်းများ အပါအဝင် သက်ဆိုင်သူများထံသို့ ဆက်သွယ်ဆောင်ရွက် မှုများပြုလုပ်ပေးနိုင်ရန် ရည်ရွယ်ပါသည်။
ယေဘုယျအားဖြင့်၊ မူဝါဒလုပ်ငန်းအဖွဲ့သည် ပူးပေါင်းဆုံးဖြတ်ချက်ချခြင်း၊ အသိပညာမျှဝေခြင်းနှင့် မူဝါဒများနှင့်ပတ်သက်သည့် မဟာဗျူဟာရေးဆွဲခြင်းအတွက် ရပ်ဝန်းတစ်ခုအဖြစ် ဆောင်ရွက်လျှက်ရှိပါသည်။"

Our Partners & Donors