COO and HR Clubs

HR အရာရှိများဆုံရပ်

HR အရာရှိများဆုံရပ်ကို အသေးစားငွေရေးကြေးရေးကဏ္ဍတွင် အလုပ်လုပ်နေသော HRအရာရှိများအတွက် အချင်းချင်း သတင်းအချက်အလက်မျှဝေခြင်းနှင့် သက်ဆိုင်ရာကဏ္ဍတွင် ဖြစ်ပေါ်ကြုံတွေ့နေရသော အခက်အခဲများကို အတူတကွဝိုင်း၀န်းဖြေရှင်းရန်ရည်ရွယ်ပါသည်။

HR အရာရှိများဆုံရပ်အစည်းအဝေးကို သုံးလတစ်ကြိမ်ကျင်းပပြီး ဆွေးနွေးကြသောခေါင်းစဉ်များမှာ ၀န်ထမ်းပြောင်းရွေ့ခြင်း၊ ၀န်ထမ်းများ၏ လုပ်ငန်းခွင် အတွင်းလုံခြုံရေး၊ လုပ်ငန်း ခွင် အတွင်း ထိခိုက်ဆုံးရှုံးမှုများပြန်လည်တင်ပြတောင်းခံခြင်း၊ ၀န်ထမ်းများနှုတ်ထွက်ခြင်း၊ နှင့် ခွင့်ရက်များတွက် ချက်ခြင်းတို့ကို အခြေခံအားဖြင့် ဆွေးနွေးလေ့ရှိကြသည်။ ဆွေးနွေးကြသော ခေါင်းစဉ်များမှာ လက်ရှိဖြစ်ပေါ်နေသော အခြေအနေများပေါ်မူတည်၍ လစဉ်လတိုင်း ပြောင်းလဲမှု များရှိပါသည်။

အသေးစားငွေရေးကြေးရေးကဏ္ဍတွင် HRအရာရှိများမည်သူမဆို HRဆုံရပ်အစည်းအဝေးတက်ရောက်ပြီး ပါ၀င်ဆွေးနွေးဖို့ ကို ဖိတ်ခေါ်ပါသည်။

လုပ်ငန်းလည်ပတ်ရေးဆိုင်ရာအရာရှိများဆုံရပ်

ချေးငွေပေးအပ်ခြင်း နှင့် ချေးငွေပြန်လည်စုဆောင်းခြင်းအစတွင် အဖွဲ့၀င်များ၏ သတင်းအချက်အလက်များစုဆောင်းခြင်းတွင် စိန်ခေါ်မှုများစွာပါ၀င်ပြီး ချေးငွေ ပေးခြင်း၊ ချေးငွေ ပြန်လည်ပေးအပ်ရန် နောက်ကျသောအဖွဲ့၀င်များအားအချိန်မှီ အသိပေးခြင်းများပါ၀င်သည်။ မြန်မာနိုင်ငံပြည်နယ်နှင့်တိုင်းများရှိ အသေးစားငွေရေးကြေးရေးကဏ္ဍတစ်ခုလုံး၏ လုပ်ငန်း လည်ပတ် ရေးကိုခြုံငုံ၍ လုပ်ငန်းလည်ပတ်ရေးအရာရှိများ MMFA အသင်း၏ လုပ်ငန်း လည်ပတ်ရေးအရာရှိများဆုံရပ်တွင် တွေ့ဆုံကြပြီး ၎င်းတို့၏ အတွေ့အကြုံများဖလှယ်ခြင်း၊ ၎င်းတို့တွေ့ကြုံနေသော စိန်ခေါ်မှုများကို အတူတကွ အဖြေရှာ ကြရန်ဖြစ်သည်။

လုပ်ငန်းလည်ပတ်ရေးတွင် အချို့သောမြို့နယ်များတွင် အများစုအဓိကကြုံတွေ့နေရသောအကြောင်းအရာမှာ ချေးငွေထပ်ခြင်း နှင့် ကြွေးနွံနစ်ခြင်းတို့ဖြစ် သည်။ ထို့ကြောင့် လုပ်ငန်း လည်ပတ်ရေးအရာရှိများဆုံရပ် အစည်းအဝေးတက်ရောက်လာကြသောအရာရှိများသည် အသေးစား ငွေကြေးကဏ္ဍ အတွက် အကျိုးအမြတ် ကိုရှေ့ရှုပြီး တက်ကြွစွာပါ၀င် ဆွေးနွေး ကြပါသည်။ လုပ်ငန်းလည်ပတ်ရေးအရာရှိများ စုံရပ်အစည်းအဝေးမှတက်ရောက်လာသောအရာရှိ များမှာ ၎င်းတို့ ကြုံတွေ့နေရသော အကြောင်းအရာများကို တင်ပြပြီး အပြန်အလှန် အကြံ ပြု ခြင်းများပြုလုပ်ခြင်းအားဖြင့် ငွေကြေးကဏ္ဍတစ်ခုလုံးကို အကျိုးပြုစေသည်။

လုပ်ငန်းလည်ပတ်ရေးအရာရှိများစုံရပ်သည်လည်း HR အရာရှိများစုံရပ်ကဲ့သို့ပင် ငွေကြေးကဏ္ဍတွင်ပါ၀င်လှုပ်ရှားနေသော လုပ်ငန်းလည်ပတ်ရေးအရာရှိများ အားလုံးကို  ပါ၀င်တက် ရောက်ရန်ဖိတ်ကြားပါသည်။

Our Partners & Donors