ကျွန်ုပ်တို့၏ အကြောင်း

မြန်မာနိုင်ငံအသေးစားငွေရေးကြေးရေးလုပ်ငန်းများအသင်းသည် နိုင်ငံတစ်ဝှမ်းတွင် ပြည်တွင်း ပြည်ပ အစိုးရမ ဟုတ်သော ၊ ပြည်တွင်း ပြည်ပ ပုဂ္ဂလိက ဖြစ်သော၊ ငွေကြေးနှင့်သက်ဆိုင်သည့် အဖွဲ့များ ပါဝင်ထားသော အသေးစားငွေကြေးလုပ်ငန်းများ လုပ်ကိုင်သူများစုစည်းထားသည့်အသင်းအဖွဲ့ဖြစ်ပြီး ဘဏ်လုပ်ငန်း နှင့် ထိတွေ့ မှုမရှိသေးသော ပြည့်စုံမှုမရှိသည့် ပြည်သူ များအား ၎င်းတို့တတ်နိုင်သည့် ငွေကြေးဝန်ဆောင်မှု လုပ်ငန်း များပံ့ပိုးပေးနိုင်အောင် ဆောင်ရွက်နေသည်။  မြန်မာနိုင်ငံအသေးစားငွေရေးကြေးရေးလုပ်ငန်းများအသင်းသည် ပွင့်လင်း မြင်သာမှု၊  ကိုယ်ပိုင်ရပ်တည်နိုင်စွမ်း နှင့် အသေးစားငွေကြေးလုပ်ငန်းများ၏ အရည်အသွေးကို ဖွံ့ဖြိုးတိုးတက်လာအောင် သင်တန်းများပေးခြင်း၊ အခြား သက်ဆိုင်ရာ ဝန်ဆောင်မှု များပေး ခြင်းဖြင့် အသင်းဝင် အသေးစားငွေကြေးလုပ်ငန်းများကို ကူညီလျက်ရှိပါသည်။ အသေးစား ငွေကြေး ကဏ္ဍတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်လာအောင် ပလက်ဖောင်းတစ်ခုအသွင်ဖြင့် အချက် အလက်များ၊ နည်းမှန်လမ်းမှန်များကို မျှဝေခြင်း ဖြင့် အသေးစားငွေကြေးလုပ်ငန်းအတွင်း အလှူရှင်များ၊ ရင်းနှီးမြုပ် နှံသူများ၊ ဥပဒေပြုသူများ၊ သက်ဆိုင်ရာကြီးကြပ်သူများ အကြား အသေးစားလုပ်ငန်းအားလုံး၏ ကြားခံ အဖြစ် ရပ်တည်ပြီး ကဏ္ဍတစ်ခုလုံး၏ စီးပွားရေး လုပ်သာကိုင်သာရှိမှု၊ ဥပဒေပြုရေး ပတ်ဝန်းကျင်တို့ကို ထိန်းကျောင်းပေးသည်။

Our Partners & Donors