နောက်ခံသမိုင်းကြောင်း

ကျွန်ုပ်တို့၏ မြန်မာနိုင်ငံအသေးစားငွေရေးကြေးရေးလုပ်ငန်းများအသင်းသည် ၂၀၁၃ ခုနှစ်တွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနလက်အောက်ရှိ မြန်မာ့အသေးစား ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေး ရေးလုပ်ငန်း (FRD)၏ ထောက်ခံမှုဖြင့် စတင်ပေါ်ပေါက်လာပါသည်။ မြန်မာ့အသေးစား ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေးလုပ်ငန်း (FRD)၏ကွပ်ကဲမှုအောက်ရှိ လိုင်စင်ရ အသေးစားငွေကြေးလုပ်ငန်း အဖွဲ့ အစည်းတိုင်းသည် ကျွန်ုပ်တို့၏အသင်းတွင် အဖွဲ့ဝင်အဖြစ်ပါဝင်နိုင်ပါသည်။ ကျွန်ုပ်တို့၏အသင်း သည် အရည်အချင်းပြည့်ဝသော အမှုဆောင်ကော်မတီဝင်များနှင့် စီမံခန့်ခွဲရေးဝန်ထမ်းများဖြင့် လုပ်ငန်း ဆောင်တာများကို ပြုလုပ်နေပါသည်။ အသင်းသားစုံညီ အစည်းအဝေးများ၊ ကဏ္ဍအလိုက် ဆောင်ရွက်သော လုပ်ငန်းအဖွဲ့ အစည်းအဝေးများ၊ နိုင်ငံတကာမှ ဖွံ့ဖြိုးရေးအေဂျင်စီများ၊ ပါတနာများနှင့် ပူးပေါင်းပြီး အသင်းဝင်များကို မွမ်းမံသင်တန်းများ ဖွင့်လှစ်ပေးခြင်း၊ အလုပ်ရုံ ဆွေးနွေးပွဲများကျင်းပပေးခြင်း နှင့် အသေးစားငွေကြေးလုပ်ငန်းကဏ္ဍတစ်ခုလုံးကို ရေရှည်ဖွံ့ဖြိုးတိုးတက်လာစေမည့် စည်းရုံးလှုံ့ဆော်မှု ကိစ္စရပ်များဖြင့် ခိုင်မာစွာရပ်တည် ပေးလျက်ရှိပါသည်။ ၂၀၁၆ ခုနှစ်တွင် ပထမဆုံးအကြိမ် အသေးစား ငွေကြေးလုပ်ငန်း မူဝါဒ စက္ကူဖြူစာတမ်းကို အသင်းသားများ၏ အကြံပြုချက်များဖြင့် တင်သွင်းကာ အသေးစားငွေချေးလုပ်ငန်းများကို ကွပ်ကဲသော မြန်မာ့အသေးစား ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေး လုပ်ငန်း (FRD)မှ ထိုနှစ်ထဲအတွင်း အသေးစားငွေကြေးလုပ်ငန်းများ၏ စည်းမျဉ်းများ ပြုပြင်ပြောင်းလဲ ရာတွင် ၎င်းစာတမ်းကို အခြေခံခဲ့သည်။ မတ်လ ၂၀၁၇ တွင်မူ ကျွန်ုပ်တို့၏ မြန်မာနိုင်ငံ အသေးစား ငွေရေးကြေးရေးလုပ်ငန်းသည် အစိုးရမှ အသိအမှတ်ပြု အသင်းအဖွဲ့လိုင်စင်ကို ရရှိခဲ့သည်။ စတင်သည့် ၂၀၁၃ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ အတွင်း အောင်မြင်မှုမှတ်တိုင်များကို အောက်ပါ အချိန်ဇယားဖြင့် ပြသထားပါသည်။

Our Partners & Donors