ကျွန်ုပ်တို့၏ အသင်းဝင်ဖြစ်ရန်

မြန်မာနိုင်ငံအသေးစားငွေရေးကြေးရေးလုပ်ငန်းများအသင်း တွင် အသင်းဝင်အဖြစ် လျောက်ထား ခြင်းဆိုင်ရာ အချက်အလက်များ

မြန်မာနိုင်ငံအသေးစားငွေရေးကြေးရေးလုပ်ငန်းများအသင်းတွင် အသေးစားငွေရေး ကြေးရေး လုပ်ငန်းများ လုပ်ကိုင်နေသောအဖွဲ့ဝင် (Member MFI) နှင့် ဆက်စပ်အဖွဲ့ဝင် ( Associate Member ) ဟု၍ နှစ်မျိုး ရှိပါသည်။

အသင်း၏ အသေးစားငွေရေးကြေးရေးလုပ်ငန်းများလုပ်ကိုင်နေသောအဖွဲ့ဝင် ( Member MFI) ဖြစ်ရန်လိုအပ်သော အချက်အလက်များ

၁။ မြန်မာနိုင်ငံအတွင်း တရားဝင်လိုင်စင်ရရှိပြီး လုပ်ကိုင်နေသော အသေးစားငွေရေး   ကြေးရေးအဖွဲ့ဖြစ်ရပါမည်။ အသင်းသို့ လုပ်ငန်းလုပ်ကိုင်ခွင့် (မိတ္တူ) တင်ပြရပါမည်။

၂။ အသင်းဝင်အဖြစ်လျှောက်ထားသော အဖွဲ့မှ တာဝန်ရှိသူတစ်ဦး၏ ကိုယ်ရေးရာဇာဝင်   ဖြည့်စွက်ပြီး အသင်းသို့ တင်ပြရပါမည်။

၃။ အသင်းဝင်ကြေးပေးသွင်းရပါမည်။

Member MFI များအတွက် အသင်းဝင်ကြေးမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

  • Large MFIs: Greater than 10 Billion Kyats of Asset - 750,000 Ks
  • Medium MFIs: Between 1-10 Billion Kyats of Asset - 500,000 Ks
  • Small MFIs: Less than 1 Billion Kyats of Asset - 250,000 Ks

MMFA Associate Member အဖြစ် အသင်းဝင်ရန် သတ်မှတ်ချက်များနှင့် လိုအပ်သည့် စာရွက်စာတမ်းများ

(က)     အောက်ဖော်ပြပါ သတ်မှတ်ချက်ဖြင့် ကိုက်ညီသည့် အဖွဲ့အစည်း/ ပုဂ္ဂိုလ်များသည် Associate Member အဖြစ် လျှောက်ထားနိုင်သည်။

(၁)       အသေးစားငွေရေးကြေးရေးလုပ်ငန်းများ နှင့် ဆက်စပ်လုပ်ကိုင်နေသော မြန်မာ နိုင်ငံတွင် တရားဝင် မှတ်ပုံတင်ထားပြီးသည့် ပြည်တွင်း/ပြည်ပ အဖွဲ့အစည်း များ။

(၂)       အသေးစားငွေရေးကြေးရေးလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်သူ၊ အသိပညာရှင်၊ အတတ် ပညာရှင် ပုဂ္ဂလိကတစ်ဦးချင်း မြန်မာနိုင်ငံသားများ။

(၃)       အသေးစားငွေရေးကြေးရေးလုပ်ငန်း အဖွဲ့အစည်းများတွင် လက်ရှိတာဝန် ထမ်း ဆောင်နေသော အလယ် အလတ်/အကြီးတမ်း စီမံခန့်ခွဲသူ ပုဂ္ဂလိကတစ်ဦးချင်း

မြန်မာနိုင်ငံသားများ။

(ခ)       လျှောက်ထားသူသည် ဥပဒေအရ လူမွဲအဖြစ်သော်လည်းကောင်း၊ အမည်ပျက်စာရင်းဝင် (black list) အဖြစ်လည်းကောင်း ကြေညာခံထားရသည့် အသင်းအဖွဲ့/ပုဂ္ဂိုလ် မဖြစ်စေရ။

(ဂ)       လျှောက်ထားသူသည် တသီးပုဂ္ဂလ တစ်ဦးချင်းဖြစ်ပါက -

(၁)       အသက် ၁၈ နှစ်ပြည့်ပြီးသူ ဖြစ်ရမည်။

            (၂)       စိတ်ပေါ့သွပ် ရူးနှမ်းသူမဖြစ်ရ။

(၃)       သာသနာ့ဘောင်သို့အပြီးဝင်ရောက်သွားသူမဖြစ်စေရ။

(၄)       အကျင့်စာရိတ္တပိုင်းနှင့်ပတ်သက်သည့် ပြစ်မှုကျူးလွန်၍ ရုံးတော်က ပြစ်ဒဏ် ချမှတ် ခံထားရသူ မဖြစ်စေရ။

(ဃ)     အသင်းဝင်အဖြစ် လက်ခံခြင်းအား MMFA Executive Committee Member များ၏       အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့်သာ အတည်ပြုမည်။

(င)       လျှောက်ထားသူသည် အောက်ပါ လိုအပ်သည့် စာရွက်စာတမ်းများ ပူးတွဲ၍ ပေးပို့ လျှောက်ထားရမည်။

(က) အသေးစားငွေရေးကြေးရေးလုပ်ငန်းများ နှင့် ဆက်စပ်လုပ်ကိုင်နေသောပြည်တွင်း/ပြည်ပ အဖွဲ့အစည်း

(၁)       အသင်းဝင်ခွင့်လျှောက်လွှာ (membership application form)

(၂)       အဖွဲ့အစည်း(သို့မဟုတ်)ကုမ္ပဏီမှတ်ပုံတင်မိတ္တူ (၁) စောင်

(၃)       Board of Directors List မိတ္တူ (၁) စောင်

(၄)       ကိုယ်စားလှယ်အဖြစ် ခန့်အပ်ကြောင်း အဖွဲ့အစည်း၏ အစည်းအဝေးဆုံးဖြတ်ချက် မှတ်တမ်း

(၅)       ကိုယ်စားလှယ်၏ ဓာတ်ပုံ (၃) ပုံ (၁ လက်မ ပတ်လည် ပတ်စပို့ဓာတ်ပုံ)

(၆)       ကိုယ်စားလှယ်၏ အသင်းဝင်ခွင့်ကိုယ်ရေးရာဇဝင် (membership CV Form)

(၇)       ကိုယ်စားလှယ်၏ နိုင်ငံသားစိစစ်ရေးကဒ်ပြား/နိုင်ငံကူးလက်မှတ်မိတ္တူ (၁) စောင်

(၈)       လက်ရှိ MMFA အသင်းဝင် (၂) ဦး၏ထောက်ခံချက်

(ခ)       တသီးပုဂ္ဂလ (မြန်မာနိုင်ငံသား)

(၁)       အသင်းဝင်ခွင့်‌လျှောက်လွှာ (membership application form)

(၂)       ဓါတ်ပုံ (၃) ပုံ (၁ လက်မ ပတ်လည် ပတ်စပို့ဓာတ်ပုံ)

(၃)       အသင်းဝင်ခွင့်ကိုယ်ရေးရာဇဝင် (membership CV Form)

(၄)       နိုင်ငံသားစိစစ်ရေးကဒ်ပြား မိတ္တူနှင့်အိမ်‌ထောင်စုစာရင်းမိတ္တူ (၁) ‌စောင်

(၅)       ပညာအရည်အချင်းအ‌ထောက်အထားမိတ္တူ

(၆)       လုပ်ငန်း/အသင်းအဖွဲ့/ကုမ္ပဏီတစ်ခုခုတွင်တာဝန်ထမ်း‌ဆောင်‌နေသည့်သူဖြစ်ပါက အ‌ထောက်အထား နှင့်ခွင့်ပြုချက်

(၇)       လက်ရှိအသင်းဝင် (၂) ဦး၏ထောက်ခံချက်

            (၈)       အသင်းဝင်ခွင့်‌လျှောက်ထားရခြင်းရည်ရွယ်ချက်‌လျှောက်လွှာ

(စ)       Associate Member အဖြစ် အသင်းဝင်ကြေး - ၁၀၀၀၀၀/- ကျပ် သတ်မှတ်ပြီး နှစ်စဉ်ကြေးအဖြစ်

  • ပြည်တွင်းအဖွဲ့အစည်း - ၃၀၀၀၀၀/- ကျပ်
  • ပြည်ပအဖွဲ့အစည်း - ၃၅၀၀၀၀/- ကျပ်
  • တစ်သီးပုဂ္ဂလ (မြန်မာနိုင်ငံသား) - ၆၀၀၀၀/- ကျပ် သတ်မှတ်သည်။

အောက်ပါ ဘဏ်အကောင့်သို့ အသင်းဝင်ကြေးနှင့် နှစ်စဥ်ကြေးများကို ပေးသွင်းနိုင်ပါသည်။

  • အကောင့်အမည်: Myanmar Microfinance Association
  • အကောင့်နံပါတ်: ၀၅၇၁ ၀၃၀၅ ၇၀၂၆ ၀၇၃၀၁
  • ကမ္ဘောဇဘဏ် ကျွန်းတောလမ်းဘဏ်ခွဲ
  • အကောင့်:Current Account
  • ငွေကြေး :ကျပ်ငွေ

ကျေးဇူးပြု၍ ငွေလွှဲပြေစာကို သိမ်းထားပေးပါ။ .

 

 

 

 

 

 

           

 

 

 

To register please fill out the attached forms

Our Partners & Donors