MMFA Services

ဤအစီအစဉ်တွင် သက်ဆိုင်ရာအစိုးရဌာနများ၊ အလှူရှင်များ နှင့် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူများကို စည်းရုံးလှုံ့ဆော်ရေးများပါ၀င်သည်။

မြန်မာနိုင်ငံအသေးစားငွေရေးကြေးရေးလုပ်ငန်းများအသင်းသည် ၎င်း၏ချမှတ်ထားသော လုပ်ငန်းစဉ်များအတိုင်း ငွေရေးကြေးရေးလုပ်ငန်းလုပ်ကိုင်နေသော အဖွဲ့များအား သင်တန်းနှင့် စွမ်းရည်မြှင့်တင်ရေးမှာ စီစဉ်ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်ရာတွင် အရည်အသွေးပြည့်မှီသောသင်တန်းများဖြစ်အောင် ကျွမ်းကျင်သောမိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ အသင်းမှ ဖွင့်လှစ်နေသော သင်တန်းများကို အောက်ပါဇယားတွင်ကြည့်ရှုနိုင်ပါသည်။

သတင်းအချက်အလက်မျှဝေခြင်း နှင့် အသိပညာစီမံကွပ်ကဲခြင်းအစီအစဉ်တွင် သုံးလတစ်ကြိမ်စာစောင်ထုတ်ေ၀ခြင်း၊ ၀က်ဒ်ဆိုဒ်တည်ဆောက်ခြင်း၊ စာကြည့်တိုက်တည်ထောင်ခြင်း နှင့် စကားဝိုင်းများပြုလုပ်ခြင်းတို့ပါ၀င်သည်။

သတင်းအချက်အလက်များစုစည်းခြင်း နှင့် အသေးစားငွေရေးကြေးရေးအခန်း ကဏ္ဍ၏ အစီရင်ခံစာများ ပြန်လည်သုံးသပ်ခြင်းများ။

အသင်း၏အသေးစားငွေရေးကြေးရေးအဖွဲ့၀င်များ၏ လိုအပ်နေသော လူသားအရင်းမြစ်၀န်ထမ်းများ ဖြည့်စွက်ရန်အတွက် အလုပ်အကိုင်ပြပွဲများပြုလုပ်သွားမည်။ အသင်း၏၀က်ဒ်ဆိုဒ်တွင်လည်း အလုပ်ခေါ်စာများကို ဖြန့်ဝေသွားမည်။

အသင်း၏အဖွဲ့၀င်များအတွက် ဘာသာပြန်၀န်ဆောင်မှုများလည်း ဆောင်ရွက်သွားမည်။

ဤအစီအစဉ်အတွက် လုပ်ငန်းစဉ်များစွာ ချမှတ်ထားပါသည်။

Our Partners & Donors