Sa-Dhan National Conference in New Delhi, India

08 - 09 November 2023
9:45 AM - 9:45 AM

အိန္ဒိယနိုင်ငံ၊ နယူးဒေလီတွင် နိုဝင်ဘာလ (၈) ရက်နှင့် (၉) ရက်နေ့များတွင် ပြုလုပ်ခဲ့သော (၁၈) ကြိမ်မြောက် Sa-Dhan National Conference သို့ မြန်မာနိုင်ငံ အသေးစားငွေရေးကြေးရေးလုပ်ငန်းများအသင်း(MMFA) မှ ဒုဥက္ကဋ္ဌ-၁ ဒေါ်ဥမ္မာလှိုင် နှင့် ဒုဥက္ကဋ္ဌ-၂ ဒေါ်ဥမ္မာလွင်တို့မှ အသင်းကိုယ်စားပြု တက်ရောက် ခဲ့ကြပါသည်။
အဆိုပါညီလာခံတွင် Asia Pacific Region Network အတွင်းတွင်ရှိသော အသေးစားငွေရေးကြေးရေး လုပ်ငန်းများ ကဏ္ဍကို အခြေခံလူတန်းစားများ အထိ ရောက်ရှိနိုင်ရန်အတွက်အလုံးစုံပါဝင်သော တိုးတက်မှု ဖြစ်ပေါ်စေရန် အတွက်သက်ဆိုင်ရာဒေသအလိုက်စိန်ခေါ်မှုများ၊အတွေ့အကြုံများနှင့်လုပ် ဆောင်နေသည့် အကြောင်းအရာများကို တက်ရောက်လာသူများမှ ဆွေးနွေး မျှဝေခဲ့ကြပါသည်။
ထို့အပြင်နယ်ပယ်များအလိုက်ထပ်မံလုပ်ဆောင်ရမည့်အရာများနှင့်ပူးပေါင်းဆောင်ရွက်သွားရမည်အပိုင်းများကိုလည်းဆွေးနွေးခဲ့ကြပါသည်။
မြန်မာနိုင်ငံအသေးစားငွေရေးကြေးရေးလုပ်ငန်းများအသင်းအနေဖြင့်လည်းအဆိုပါညီလာခံသို့တက်ရောက်ခွင့်ရရှိခဲ့သည့်အတွက်ရှေ့ဆက်ပြီးအသေးစားငွေရေးကြေးရေးကဏ္ဍတွင်ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်နှင့်ကူညီပေးနိုင်ရန်အတွက် Asia Pacific Region Network အတွင်းပူးပေါင်း ဆောင်ရွက်သွားနိုင်မည့် အခွင့်အလမ်းများရရှိခဲ့ပါသည်။

Events

11 March, 2024
| Events
16 February, 2024
| Events
8 November, 2023
| Events
3 November, 2023
| Events

Our Partners & Donors